Wednesday, July 3, 2013

ကိုချောနှင့်ကျွန်တော်

ကိုချောနှင့်ကျွန်တော်
၁၉၈၇ ခုနှစ်တွင် ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တွင် ၀န်ထမ်းဘဝ
တွင် ကဗျာဆရာ မောင်ချောနွယ်နှင့် အကြောင်းညီညွတ်သဖြင့် အတူတာဝန်
ထမ်းဆောင်ဘူးပါသည်။
ဌာနတစ်ခုတွင် အတူတာဝန်ထမ်းဆောင်ရသဖြင့် လည်းကောင်း ဌာနခွဲတူ
သဖြင့်လည်းကောင်း ထိုပြင် မြို့ဝင်ကြေးဂိတ်တွင် (၂)ဦး အတူတာဝန်ကျ
သဖြင့် ပိုမိုရင်းနှီး ခဲ့ပါသည်။
ပြည်မြို့ ဆင်စု မြို့ဝင်ကြေးတွင် အတူ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
(၂) ဦး တာဝန်ကျရာ တစ်ယောက်(၁)ရက်(၂၄)နာရီ တာဝန်ခွဲဝေ ထမ်း
ဆောင်ပါသည်။
ကိုချောလို့သာ ကျွန်တော်မှ ခေါ်ပါသည်။
၁၉၈၉ ခုနှစ်တွင် ၀င်ငွေကောက်သော ၀န်ထမ်းများကို ပဲခူးတိုင်းတွင်
အပို(၁)လစာပေးပြီး အနားပေးခဲ့သဖြင့် ကိုချောမှာ အလုပ်မှ ထွက်လိုက်ပါသည်။
ပြည်ရွေဆံတော် ဘုရားပွဲတွင် မန္တလေးသိန်းဇော် ပွဲကျင်းပပါသည်။
ကိုချောအား အ၀တ်အစား(၂)စုံနှင့် အခြားလိုအပ်သည်များကို မန္တလေး
သိန်းဇော်မှလာရောက်ပြီး လက်အုပ်ချီမိုး ဦးနိမ်မန်ချ ကတော့ပါသည်။
၁၉၉၅ ခုနှစ်တွင် ကိုချောနှင့်တွေ့စဉ် ကျွန်တော်မှာ G.T.T-(civil) ကျောင်း
ပြီးသဖြင့် ၀ါသနာပါသော ဗေဒင်ဟောခန်းကို ဗိုလ်ချုပ်လမ်းနှင့်ဘုရားနီလမ်း
ထောင့်တွင် ဖွင့်လှစ်ထားပါသည်။
ဗေဒင်နှင့်ပတ်သက်ပြီး မည်ကဲ့သို့ ကြော်ငြာရမည်းမေးရာ အေးဆိုပြီး
ကလေး baby ပေါင်ဒါအစ ဘုရားသခင်အဆုံး အားလုံးကကြော်ငြာတာဘဲ
မင်းလည်း အောင်မြင်ချင်ရင် ကြော်ငြာဖို့ပြောပါသည်။
မင်းကြော်ငြာမယ်ဆိုရင် နှလုံးသားကို မှန်ဖို့တော့လိုပါတယ်လို့ပြောပါသည်။
ကိုချောနှင့်တွေ့ရာ အေးမင်းကြော်ငြာ ငါ့အမေ နှလုံးသားတော့မှန်တယ်
ဒီမှာ မင်းရဲ့ကြော်ငြာဆိုပြီး ပြပါသည်။
ဒါပေမဲ့ စာသားတွေက လိုသေးတယ်လို့ပြောပါတယ်။
အမှန်(၂)ခုကြားမှာ အမှား(၁)ခုကိုညှပ်ပါလို့ပြောပါတယ်။
(၁)နှစ်တစ်ခါ မိမိဇာတာကို စစ်ဆေးပါ။ဆိုသည်ကို
(၁)နှစ်တစ်ခါ မိမိဇာတာကို စမ်းသပ်ပါ။
လည်းကောင်းတို့သည် ကိုချောပြင်ပေးသော စာသားများဖြစ်ပါသည်။
အကြောင်းညီညွတ်သည့် အခါများတွင် လည်းကောင်းနှင့်စကားပြောဖြစ်
ပါသည်။
စိတ်ရင်းကောင်းသော၊စာများများဖတ်သော၊စကားပြောကြွယ်သော
ကိုချောနှင့်အကြောင်းညီညွတ်သဖြင့် အတူတာဝန်ထမ်းဆောင်ရသဖြင့်
ဗဟုတုသများစွာရပါသည်။
ထိုအချိန်က ကျွန်တော်က လူပျိုပါ။
ဘယ်လိုမိန်းခလေးမျိုးကို ယူရမလဲ၊ဘာကြောင့်လဲ။
တစ်ခါတစ်ရံဖောက်ပြန်ခြင်းသည် ထာဝရ ရိုးသားမှုကို ကာကွယ်ခြင်းဖြစ်
သည်။
စသည်ဖြင့် အများအပြား ပြောဖြစ်ပါသည်။
ကိုချောအား အမှတ်ရသဖြင့် ရေးသားအပ်ပါသည်။
2.7.2013

No comments:

Post a Comment