Thursday, July 4, 2013

အဖွားနှင့်ကျွန်တော်

အဖွားနှင့်ကျွန်တော်
မြန်မာ့အမျိုးသမီးများနေ့တွင် အမှတ်တယရေးသားအပ်ပါသည်။
ကျွန်တော်သည် ငယ်စဉ်က အဖွားနှင့်နေထိုင်ရသူ တစ်ဦးဖြစ်ပါသည်။အိပ်ရာ
မ၀င်ခင် ဘုရားရှစ်ခိုးရပါသည်။ဘုရားမရှစ်ခိုးဘဲ မအိပ်ရပါ။ထို့နောက် ပုံများ
ပြောပြခါ အိပ်ရာဝင်ရပါသည်။အဖွားသည် မျက်စိမမြင်ပါ၊
ပုံပြင်များကို မထပ်အောင် ပြောပြတတ်ပါသည်။
ပုံပြောသူ ပြောသောပုံပြင်များကို နားထောင်သူမှ ယုံကြည်လျှင် ဆက်ပြော
နိုင်ပြီး မယုံကြည်လျှင် ဆက်ပြောမရပါ။
နေ့စဉ် ပုံများကို နားထောင်ရေရသဖြင့် တစ်ခါတစ်လေ ထပ်သွားပါသည်။
ဟိုးရှေးရှေးတုန်းက မြွေမင်းသားလေး ရှိသတဲ့ စသည်ဖြင့် စပြောပါသည်။
အဲဒီပုံပြင်ကို ကြားဘူးပြီးသားဖြစ်ပြီး နားမထောင်ချင်လျှင် မြွေမင်းသားကို
ဆိုတာ မဖြစ်နိင်ပါဘူး ဆိုလျှင် ဆက်မပြောဘဲ ပုံပြောင်းပြောပါသည်။
မယုံလျှင် ပုံပြင်မှတ်ဆိုသော်လည်း နားထောင်သူမှ လက်မခံလျှင် ဆက်ပြော
လို့မရကြောင်းကို ငယ်ငယ်ထဲက သိခဲ့ရပါသည်။
ထိုပြင် နေ့စဉ် အမေကြီးပြောပြသော ပုံပြင်များကို နေ့စဉ်နားထောင်နေရ
သဖြင့်အတွေးများစွာကို တွေးဖြစ်ပါသည်။
သူများပြောသောစကားများကို မယုံကြည်ရကြောင်း ရွေယုံနှင့်ရွေကြားပုံပြင်
ကို မကြာခဏပြောပြပါသည်။
ယုံကြည်မှုနှင့်ပတ်သက်ပြီး ကြားသောစကားများ၊မြင်သောအမြင်များ၊နှင့်ပတ်
သက်ပြီး မယုံကြည်ရကြောင်းနှင့် အကျိုးစီးပွားဖြစ်မှသာ မိမိဥာဏ်နှင့်ယှဉ်ပြီး
ယုံကြည်ရန်ကိုလည်း အကြာခဏနားထောင်ရပါသည်။
ဘ၀ကို ဖြတ်သန်းရာတွင် ကိုယ်အားကိုယ်ကိုး ကိုယ်ဖြစ်ကိုယ်ခံ လောကဓံကို
ခံနိင်ရန်ရှိရန်နှင့် ပတ်ဝန်းကျင်နှင့်လိုက်လျှောထွေညီနေနိင်ရန် ပုံပြင်များနှင့်
ကြီးပြင်းလာသူဖြစ်ပါသည်။
မိမိကိုယ်တိုင် မြင်မှယုံကြည်ရန် ပြောထားသော်လည်း တချို့ကိစ္စများကို
မိမိအသိ ပညာ ဥာဏ်ဖြင့် ယှဉ်ပြီး ယုံကြည်ရန်လိုအပ်ကြောင်းကိုလည်း
ရှင်းပြပါသည်။ထိုအချိန်တွင် အဖိုးမရှိပါ။အဖိုးကိုမမှီပါ။
ကလေးဆိုတာ မိဘနှစ်ပါးက မွေးဖွားခြင်းဖြစ်ကြောင်း၊မင်းအဖေနဲ့အမေက
မွေးလို့ မင်းတို့ဖြစ်တာပါ။ မင်းအဖေက ငါ့တို့သားပါ။မင်းအဖွားငါနဲ့ အဖိုးနဲ့
ရတာပါ။အဖိုးမှ မရှိတော့တာ အဖိုးကိုမမြင်ဘူးပါ။ အဖိုးကဘယ်မှာလဲမေးရာ
သေပြီဖြစ်ကြောင်းပြောပြပါသည်။
အဖိုးမရှိတော့လို့ မိမိကိုယ်တိုင်မမြင်ရသဖြင့် မယုံကြည်ကြောင်းပြောဖြစ်ပါ
သည်။ထို့ကြောင့် တချို့ကိစ္စများသည် မိမိကိုယ်တိုင်မမြင်ရသော်လည်း
မိမိဥာဏ်နှင့်ယှဉ်ပြီး ယုံကြည်ရန် ဖြစ်ကြောင်းကို ပြောပြပါသည်။
ယုံတာ မယုံတာအပထား အဖွားနဲ့အဖိုးနဲ့ကမွေးလို့ အဖေ(သို့)အမေကို
မွေးတာပါ။အဖေနဲ့အမေနဲ့ကမွေးလို့သားသမီးဖြစ်တာပါ။
မိမိကိုယ်တိုင်မြင်ရမှ၊မိမိကိုယ်တိုင်တွေ့မှ၊မိမိကိုယ်တိုင်ကြားမှ၊မိမိကိုယ်တိုင်
ခံစားရမှစသည်ဖြင့် မိမိကိုယ်တိုင်မဟုတ်သော်လည်း
တချို့ကိစ္စများသည် မိမိကိုယ်တိုင်မဟုတ်သော်လည်း မိမိအသိဥာဏ်နှင့်ယှဉ်
ပြီး ယုံကြည်ရန်လိုအပ်ကြောင်းကို နားလည်လိုက်ပါသည်။
ဆန့်ကျင်ဘက်တွင် နေရဲဖို့ ပြောသော ပုံပြင်များ စဉ်းစားရာတွင် အစမှစဉ်းစားခြင်းထက် တစ်ခါတစ်ရံ နောက်ဆုံးမှ စပြီး စဉ်းစားဆရာတွေ
ရှိသော ပုံပြင်များ စားဝတ်နေရေးနှင့်ကျန်းမာရေးအတွက် အလုပ်လုပ်ရာတွင်
ပညာနဲ့ရင်းနှီးခြင်း၊ငွေကြေးဖြင့်ရင်းနှီးခြင်း၊ခွန်အားဖြင့်ရင်းနှီးခြင်းများ၊
ကိုယ်ဖြစ်ကိုယ်ခံများ၊ငွေမိမိမှာမရှိလျင် ကမ္ဘာမှာ ရှားသည်များ
အတိတ်ကံကို အသုံးချခြင်းများ စသည်ဖြင့် အများအပြားပြောပြခဲ့ပါသည်။
အဖွားသည် ကျွန်တော်တို့မောင်နှမ(၃)ဦး ရှိသည့်အနက် ကျွန်တော်အား
အချစ်ဆုံးဖြစ်ပါသည်။
နေမကောင်းသည့်အခါများတွင် သူအနားခေါ်ပြီး အိပ်ရပါသည်။
သူတပါးအလိမ်မခံရအောင် ငယ်ငယ်ကထဲက အသုဘများတွင်ဖဲဝိုင်းရှိပါက
သွား ကစားခိုင်းပါသည်။ငွေကြေးအားထုတ်ပေးပါသည်။ရှုံးလျင်တစ်ခေါက်
ပြန်လာပြီးတောင်းလျှင်လည်း ငွေကြေးအားထပ် ထုတ်ပေးပါသည်။
(၃)ကြိမ်သာထုတ်ပေးပါသည်။ယနေ့ နင်ကံလိုက်ပါ။နောက်နေ့ကစားပါ
ပြောပါသည်။
ကြီးတော်မှတားသော်လည်း ငါ့မြေးတွေ ငါမရှိလျှင် သူများအလိမ်မခံရအောင်
ဟုပြောပါသည်။
ငယ်ငယ်က ကြီးတော်မှ ရိုက်လျှင်မကြိုက်ပါ။ငါ့မြေးတွေကို မရိုက်နဲ့လို့
ပြောပါသည်။သို့သော် ကုသိုလ်၊ပညာ၊ဥစ္စာနှင့်ပတ်သက်သော ကိစ္စဖြစ်
လျှင်တော့ မတားပါ။ကိုယ်ဖြစ်ကိုယ်ခံလို့ပြောပါသည်။
အဖွားအသက်(၉၄)နှစ် ကျွန်တော်(၈)တန်း(၁၉၈၀)ခုနှစ်တွင် လောကမှ
ခွဲခွာသွားပါသည်။
ဘ၀ကိုဖြတ်သန်းရာတွင် အဆင်ပြေအောင်နှင့်လောကဓံနှင့်တွေ့ရာတွင်ခံစား
နိင်အောင် ပုံပြင်များနှင့်ပြောပြသောအဖွားကို အမှတ်တယ ရေးသားအပ်ပါ
သည်။
မြန်မာ အမျိုးသမီးများနေ့တွင် မှတ်မှတ်ယယ ရေးသားအပ်ပါသည်။
၃.၇.၂၀၁၃

သွား ကစားခိုင်းပါသည်။အရင်းအနှီးအားထုတ်ပေးပါသည်။ရှုံးလျင်တစ်ခေါက်
ပြန်လာပြီးတောင်းလျှင်လည်း အရင်းအနှီး ထုတ်ပေးပါသည်။